ရန်ကုန် -ဘန်ကောက် - ပတ္တရား ခရီးစဉ် (၄ ညအိပ် ၅ ရက် )
English Chinese (Simplified)
ပထမနေ့  ( ရန်ကုန် - ဘန်ကောက်) 8M 331 RGN - BKK 1630 - 1815

bangkok-01ရန်ကုန်မှ ဘန်ကောက်သို့ ရောက်ရှိပြီး လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို၍ တည်းခိုရာဟိုတယ်သို့ ပို့ ပေးမည်ဖြစ်ပါသည် ။ ညစာသုံးဆောင်ပြီး တည်းခိုရာ ဟိုတယ်တွင် အနားယူကြပါမည် ။

 

ဒုတိယနေ့ (ဘန်ကောက် - ပတ္တရား)

bangkok-02မနက်စာ ၊ နေ့ လည်စာ ၊ ညစာတို့ ဖြင့် ဧည့်ခံပါမည်။ ဟိုတယ်၌ နံနက်စာ သုံးဆောင်ပြီးနောက် လှေဖြင့် Chao Phraya မြစ် ကြောင်းတစ်လျှောက် အလှကို ခံစားရင်း Wat Arun ဘုရားကျောင်းသို့  သွား ရောက် ဖူးမြော် ကြမည် ။ နေ့ လည်စာ သုံးဆောင်အပြီးတွင် ပတ္တရားသို့  သွားရာလမ်းခရီး ၌ Sriracha Tiger Zoo , Crocodile Farm နှင့် Gems Gallery တို့  ကို ၀င်ရောက် လည်ပတ်လေ့လာပါမည် ။ ညစာကို သုံးဆောင် ပြီးနောက် Pattaya Hard Rock တွင် အမှတ်တရပစ္စည်းများ ပျော်ရွှင်စွာ ၀ယ်ယူ ကြပါမည် ။

တတိယနေ့ (ပတ္တရား)

bangkok-03မနက်စာ ၊ နေ့ လည်စာ ၊ ညစာတို့ ဖြင့် ဧည့်ခံပါမည် ။ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီးနောက် Natural Honey ပျားမွေးမြူရေးခြံ သို့  သွားရောက်ကြည့်ရှူ လေ့လာ ပါမည် ။ Nong Nooch Village သို့  ၀င်ရောက်ပြီး ထိုင်းဂန္တ၀င်အက နှင့် ဆင်သရုပ်ပြပွဲ တို့ ကို သွားရောက်ကြည့်ရှူပါမည်။ နေ့  လည်စာ သုံးဆောင်အပြီးတွင် စပျစ်စိုက်ခင်း ၊ Laser Buddha ၊ King Power Duty Free Shop တို့ ကို ၀င်ရောက် လည်ပတ်ကြပါမည် ။ တကယ့် မိန်းမလှလေးများကဲ့ သို့  လှပသော ထိုင်း နာမည်ကြီး မိန်းမလျှာ Show ပွဲ ကိုလည်းသွားရောက်အားပေးကြမည် ။

စတုထ္ထနေ့ (ပတ္တရား - ဗန်ကောက်)

bangkok-04မနက်စာ ၊ နေ့ လည်စာ ၊ ညစာတို့ ဖြင့် ဧည့်ခံပါမည် ။ဟိုတယ်၌ နံနက်စာသုံးဆောင်ပြီးနောက် Local Dried-food Shop သို့ ဝင်ရာက်ပြီး ပျော်ပျော်ပါးပါး ဈေးဝယ်ကြပါမည် ။ ထို့ နောက် ဘုရင့်နန်းတော် သို့ သွားရောက်လည်ပတ် လေ့လာပါမည်။ Emerald Buddha မြဘုရားသို့ လည်း သွားရောက် ဖူးမြော်ကြပါမည်။ ထို့အပြင် ရေအောက်ကမ္ဘာ Siam Ocean World နှင့် မာဘွန်ခေါင်းခေါ် MBK shopping mall , ဖတ်ဖုန်း ၊ ဖတ်ဆစ် ညဈေး တို့ တွင် ပျော်ရွှင်စွာ ဈေးဝယ်ကြမည် ။

ပဉ္စမနေ့ (ဘန်ကောက် - ရန်ကုန်) 8M 336 BKK - RGN 1130 - 1215

ဟိုတယ်၌ နံနက်စာ သုံးဆောင်ပြီးနောက် ရန်ကုန်မြိုသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့ သွား ရောက် ကြပါမည် ။ ဘန်ကောက်မြို့ မှ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိပါမည်။။

ခရီးစဉ်တွင်ပါဝင်မည့်ဝန်ဆောင်မှုများမှာ

  •  လေဆိပ်ကြိုပို့ အစီအစဉ် ပါဝင်ပါသည် ။
  •  ဘန်ကောက်တွင် ဟိုတယ် ၃ ည တည်းခိုပါမည် ။
  •  ပတ္တရားတွင် ဟိုတယ် ၂ ည တည်းခိုပါမည် ။
  •  နေ့ လည်စာ နှင့် ညစာ များနေ့ စဉ် ဧည့် ခံမည်ဖြစ်ပါသည် ။
  • English Speaking Guide တစ်ဦး လိုက်ပါလမ်းညွှန်ပေးပါမည် ။
  • Tour Guide & Driver အတွက် Tipping ပါဝင်ပြီးဖြစ်ပါသည် ။
  •  လေယာဉ်လက်မှတ်အသွားအပြန်ပါဝင်ပြီးဖြစ်ပါသည် ။
  • Airport Tax ပေးချေပြီးဖြစ်သည် ။
  • Thai Visa Fees ပါဝင်ပြီးဖြစ်ပါသည် ။
  • ခရီးစဉ်တွင်ပါဝင်သော Entrance Fees ပါဝင်ပြီးဖြစ်ပါသည် ။

ခရီးစဉ်တွင်မပါဝင်သည့် အခြားကုန်ကျစရိတ်များမှာ

  • Visa ၀င်ရန်လိုအပ်သည့်  နိုတြီပြန်ခများ
  •  လေယဉ်ခရီးစဉ်တွင် အထုပ်အပိုးအတွက် ၂၀ ကီလိုထက်ပိုသော စရိတ်များ
  •  ဟိုတယ် Mini Bar အတွင်းမှ ရေသန့် နှင့် အခြားစားသောက်စရာများအတွက် စရိတ်များ
  • မိမိ Personal အသုံးစရိတ်များ
  • ခရီးစဉ်တွင်မပါဝင်သော ထပ်မံသွားရောက်လိုသော Optional Tours အတွက် ကုန်ကျစရိတ်များနှင့် ၀င်ကြေးများ

မှတ်ချက်

  • ခရီးသည်သည် Passport သက်တမ်း ၆ လ အထက်ရှိမှသာ ခရီးစဉ်တွင်ပါဝင် နိုင်မည် ဖြစ်ပါသည် ။
  •  လေယာဉ်လက်မှတ်ဈေးနှူန်း အတက်အကျရှိပါသဖြင့် ခရီးစဉ်၏ စရိတ် အတိုးအလျှော့ အနည်းငယ်ရှိနိုင်ပါသည် ။
  • ရာသီဥတုအခြေအနေ ၊ လမ်းပန်းဆက်သွယ်ရေးအခြေနေပေါ်မူတည်ပြီး ခရီးစဉ်အစီအစဉ်များ လည်း အပြောင်းအလဲအနည်း ငယ်ရှိနိုင်ပါသည် ။
  •  ခရီးသွားနေစဉ်အတွင်း ဧည့်သည်မှ မိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှု ရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ကုန်ကျစရိတ်များကို ကုမ္မဏီမှ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ ။

Book Now

Balloon Over Bagan

While you are in the magical land of ancient Bagan, would you like to have a memorable and unquie experience of drifting and floating over thousands ruined pagodas and mighty Ayeyarwaddy River with the back drop of azure blue sky?

Car Rental Service

car-rental-service

Tour Guide Service

tour-guide-service

Domestic Air Fare

domestic-air-fare

Myanmar eVisa

myanmar-evisa
To apply Myanmar eVisa (Official Government Website)

Myanmar Exchange Rate Information

exchange-rate

Myanmar Optional Day Tour

Bagan Sunset Cruise

bagan-sunset-cruise-01

Myanmar Golden Image Travels & Tours Co., Ltd

No. 21, Shwe Hnin Si St, Sanchaung, Yangon, Myanmar. Tel: (+951) 536470, 535944 H.P: 95-95 127398

E-mail: This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.

Website: www.myanmargoldentravel.com

mastervisa