ဗီယက်နမ်-ဟနွိုင်း-ဟာလောင်း ခရီးစဉ် ( 4 D / 3 N )
English Chinese (Simplified)

အနားယူအပန်းဖြေရင်း ခံစားမှုအသစ်များ အတွေ့အကြုံသစ်များ အတွက်

ပထမနေ့  ( ရန်ကုန် - ဟနွိုင်း ) ( ညစာ )

hanoi-01ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဟနွိုင်း သို့ ထွက်ခွာပါမည် ။ ဟနွိုင်း လေဆိပ်သို့ ရောက်သော အခါ လေဆိပ်တွင် Tour Guide မှ လာကြိုပြီး ဟိုတည် သို့သွားရာ လမ်းတလျှောက် ဟနွိုင်းမြို့၏ အလှအပ များကို ခံစားရပါမည် ။

 

 

ဒုတိယနေ့ (ဟနွိုင်း - ဟလောင်းဘေ )  ( နံနက်စာ ၊ နေ့လည်စာ ၊ ညစာ )

halong-01ဟိုတည်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဟလောင်းဘေ သို့ သွားရောက်ရန် ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ( ၄ ) နာရီခန့် ဟလောင်းဘေတွင် Cruise စီးကာ ပျော်ရွှင်စွာဖြင့် လည်ပတ်ကြပါမည် ။

 

 

 

halong-02နဂါးသွားများ သဏ္ဍာန် ထုံးကျောက် ကျွန်း ထောင်ပေါင်းများ စွာ နှင့် အတူ မိုးထိအောင် လှနေသော ရူခင်းများကို ထိတွေ့ခံစားရန်အခွင့် အရေးရရှိပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင် သုံးဆောင်ရပါမည်။ ဟလောင်းဘေ ၏ အမြင့်ဆုံး နေရာမှ ရူခင်းများ အားလုံးကို အပေါ်စီးမှ ကြည့်ရူကြရပါမည်။ ရေကူခြင်း ၊ နေပူစာလုံခြင်းများ ဖြင့် မိမိစိတ်ကြိုက် အနားယူအပန်းဖြေနိုင်သည့် အပြင် စိတ်ဝင်စားဖွယ်ရာ ငါးဖမ်းရွာသို့ သွားရောက်ကာ ဒေသခံငါးဖမ်းသမားများ၏ နေ့စဉ်ဘ၀ ဖြတ် သန်းမူများကို ဗဟုသုတ အဖြစ်လေ့လာ နိုင်ပါသည်။နေ၀င်ဆည်းဆာ အချိန်တွင် Kayak (ခေါ်) ဖိုင်ဘာဖြင့် ပြုလုပ် ထားသော ပေါ့ပါးသည့် လှေငယ်တစ်မျိုးကို စီးကာ သဘာဝကျွန်းစု များနှုင့် သန္တာကျောက် တန်း များကို အနီး ကပ်လေ့လာနိုင် ပါသည် ။ ထိုနောက်နေ၀င်ဆည်းဆာ ကို ညစာစားရင်း ညချမ်း အချိန် ညအလှကို Cruise ပေါ်တွင်အေးချမ်းစွာ ကုန်ဆုံးပါမည်။

တတိယနေ့  (ဟလောင်းဘေ -  ဟနွိုင်း ) ( နံနက်စာ ၊ နေ့လည်စာ ၊ ညစာ )

halong-03နံနက်စာကို Cruise ပေါ်တွင် သုံးဆောင်ကြပါမည် ။ ထို့နောက် Upper Deck မှ ဟလောင်း၏ မြစိမ်းရောင်ရေများကြား ထိုးထွက်နေသော ကျောက်ဆောင်တန်းများ အလှ ကို ရင်သတ်ရူ မောဖွယ်ခံစားရင်း အပန်း ဖြေနိုင်ပါ သည် ။ ဟလောင်း၏ အကြီးမားဆုံး ကျောက်ဆောင်ဖြစ်တစ်ခု ဖြစ်သော Sung Sot ကျောက်ဆောင်သို့ သွားရောက်လေ့လာပြီး ဆိပ်ကမ်းသို့ပြန်ကပ်ကာ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟနွိုင်းသို့ ပြန်လည် ထွက်ခွာ ပါမည်။Hoan Kiem Lake , Ngoc Son Temple သို့ ၀င်ရောက်လည်ပတ်ကာ Hanoi Old Quarter တွင် ဈေးဝယ်ထွက်ချိန် ရပါမည်။

ညစာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဗီယက်နမ် နိုင်ငံ၏ အကျော်ကြားဆုံးတင်ဆက်မူ တခုဖြစ်သော Water Puppet Show ကိုကြည့်ရူခံစားရပါမည်။ ထို့နောက် ဟနွိုင်းရှိ ဟိုတည်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည် ။

စတုတ္ထနေ့  (ဟနွိုင်းမြို့ထဲ လည်ပြီးနောက်ပြန်လည်ထွက်ခွာပါမည် ) ( နံနက်စာ ၊ နေ့လည်စာ )

hanoi-02ဟိုတည်တွင် နံနက်စာ သုံးဆောင်ပြီးနောက် City tour စတင်ပါမည် ။ ပထမဦးစွာ ကမ္ဘာကျော် တရုတ်တွေးခေါ် ပညာရှင်ကြီး ကွန်ဖြူး ရှပ်စာပေ လေ့လာခဲ့သော် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ် Temple of Literature ၊ထို့နောက် Ba Dinh Square , အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း ဗိမ္မာန်အပြင်ဘက် (သောကြာ နှင့် တနင်္လာ ပိတ်ပါသည် ) နှင့် ကျောက်တိုင်လုံး တခုတည်းပေါ်တွင် သစ်သားမုခ်ဦး ဖြင့် တည်ဆောက်ထားသော One Pillar Pagoda ၊ Tran Quoc Pagoda တို့ သို့ သွားရောက်လေ့လာပါမည်။ ပြီးနောက် နေ့လည်စာကို  ဟနွိုင်းမြို့ စားသောက်ဆိုင်တွင် international buffet ဖြင့် သုံးဆောင်ကြပါမည် ။

***  ဗီယက်နမ်၏ အမှတ်တရ များကို သယ်ဆောင်ရင်း ပျော်ရွှင်ဖွယ် ခရီးစဉ်ကို ပြီးဆုံးပါမည် ။ ***

ပါဝင်သော ၀င်ဆောင်မူများ

  • လေယဉ်လက်မှတ် ၊
  • အဆင့်မြင့် ဟိုတယ် ၊ Cruise ပေါ်တည်ခိုခြင်း
  • Tour Grade Air Con Coach အကြိုအပို့
  • ခရီးစဉ်တလျောက်ဝင်ကြေးများ
  • ဧည့်သည်များကို အကောင်းဆုံးဝင်ဆောင်မူပေးမည့် Tour leader ၊ Tour Guide

Book Now

Balloon Over Bagan

While you are in the magical land of ancient Bagan, would you like to have a memorable and unquie experience of drifting and floating over thousands ruined pagodas and mighty Ayeyarwaddy River with the back drop of azure blue sky?

Car Rental Service

car-rental-service

Tour Guide Service

tour-guide-service

Domestic Air Fare

domestic-air-fare

Myanmar eVisa

myanmar-evisa
To apply Myanmar eVisa (Official Government Website)

Myanmar Exchange Rate Information

exchange-rate

Myanmar Optional Day Tour

Bagan Sunset Cruise

bagan-sunset-cruise-01

Myanmar Golden Image Travels & Tours Co., Ltd

No. 21, Shwe Hnin Si St, Sanchaung, Yangon, Myanmar. Tel: (+951) 536470, 535944 H.P: 95-95 127398

E-mail: This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.

Website: www.myanmargoldentravel.com

mastervisa