ရန်ကုန်- ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟိုချီမင်း ၊ ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်း၊ ကမ္ဘာ့ အမွှေအနှစ် တခုဖြစ်သော ဟလောင်း- ရန်ကုန်
English Chinese (Simplified)

ထူးခြား ခြားနားသော ဗီယက်နမ် တောင် ပိုင်း ၊ မြောက်ပိုင်း 5 ရက် 4 ည  ခရီးစဉ်လေးပါ

Day 01: Hochiminh arrival (D)

hochiminih-01Vietnamနိုင်ငံ Tansonnhat Airport သို့ လေကြောင်းဖြင့် ရောက်ရှိကာ ဧည့်လမ်းညွှန်နှင့် ဘတ်စ်ကားမှ အဆင်သင့်ကြိုဆိုပြီး ဟိုချီမင်းစီးတီးသို့ လိုက်ပါပို့ဆောင်ပါမည်။ဟိုချီမင်းစီးတီးသို့ ရောက်ရှိပြီး နောက် ဟိုတယ်တွင် Check-in ၀င်ကာ စိတ်အေး ချမ်းသာစွာ အိပ်စက်အနားယူပါမည်။ညစာကို စား သောက်ဆိုင်တွင် သုံးဆောင်ကာ ညပိုင်းတွင် ဟိုချီမင်းမြို့ အတွင်း လှည့်ပတ်ကြည့်ရှုပြီး နောက်ဟို တယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။

Day 02: Hochiminh city ( B/L/D)

hochiminih-02ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီး လျှင်   Reunification Palace, Notre Dame ဘုရား ရှိခိုး ကျောင်းတော်, Central Post Office, the Opera House တို့သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ ကို Local Restaurant တွင်သုံး ဆောင်ပြီးနောက် War Museum, China Town သို့ လည်ပတ်ကြည့်ရှုပြီး Diamond Shopping Mall နှင့် Ben Thanh ဈေးတွင် ဒေသထွက်ကုန်များနှင့် အမှတ်တရလက်ဆောင်များကို စိတ်ကြိုက်လေ့လာဝယ်ယူနိုင်ပါသည်။ ညစာကို Local စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ညနေပိုင်းတွင် Ben Thanh ညဈေးသို့ သွားရောက်လေ့လာကြည့်ရှုပြီး ဟိုတယ်တွင်ပြန်လည်အိပ်စက်အနားယူပါမည်။

Day 03: Hochiminh- Hanoi-Halong ( B/L/D)

hochiminih-03နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး နောက် ဗီယက်နမ် - အမေရိကန် စစ်ပွဲအတွင်း ဗီယက်နမ် ပြောက်ကျား စစ်သားများ အသုံးပြုခဲ့သည့် (၂၀၀)  ကီလိုမီတာ အရှည်ရှိသော Cu Chi မြေအောက် တူး မြောင်း သို့ သွားရောက် လေ့လာ ခွင့်ရ ကြမည်ဖြစ်သည်။  နေ့လည်စာကို Ben Nay စားသောက်ဆိုင်တွင် သုံးဆောင်ပြီးလျှင် Ha Noi မြို့သို့ ထွက်ခွာရန်အတွက်Tan Son Nhat လေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။ Noi Bai လေဆိပ်သို့ရောက်ရှိပြီးနောက် ဟလောင်းမြို့သို့ ခရီးဆက်ကာLocal Restaurant တွင် ညစာသုံးဆောင်၍ Hotel တွင် check-in ၀င်ပြီး ဟလောင်းညဈေးသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။

Day 04: Halong-Hanoi ( B/L/D)

hochiminih-04ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် ဟလောင်း ပင်လယ်အော်၏ အလှအပများကို အပျော်စီး သဘောင်္ဖြင့် ကြည့်ရှု ခံစား ရင်းအပန်း ဖြေပါမည်။ ထို့နောက် စိတ်ဝင်စား ဖွယ်ရာ နာမည်ကျော်နေရာ များဖြစ်သော Thien Cung cave နှင့် Dau Go grotto တို့သို့လည်ပတ်ကြည့်ရှုပြီး နေ့လည်စာကို အပျော်စီးသဘောင်္ပေါ်တွင် ပင်လယ်စာဖြင့် အရသာ ရှိစွာ သုံးဆောင်ပါမည်။ နေ့လည်ပိုင်း ဟနွိုင်းမြို့သို့ အပြန်လမ်းတွင် Dong Trieu အိုးလုပ်ငန်း နှင့် ကြွေထည်မြေထည်လုပ်ငန်းများကို ၀င်ရောက်လေ့လာနိုင်ပါသည်။ တို့နောက် ဟိုတယ်တွင် Checki-in ၀င်ပြီး လွတ်လပ်စွာ အနားယူ အပန်းဖြေပါမည်။ ညစာကို Local စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟနွိုင်းမြို့တွင်းသို့သွားရောက်လည်ပတ်ကာ ဟိုတယ်တွင် လွတ်လပ်ပေါ့ပါးစွာ တစ်ညတာကို ကုန်ဆုံးပါမည်။

Day 05: Hanoi- Departure ( B/L)

hochiminih-05ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် Ho Chi Minh Mausoleum, One pillar Pagoda, Temple of Literature, Hoan Kiem Lake, Ngoc Son Temple,Tran Quoc Pagoda နှင့် West Lake တို့သို့သွားရောက်လည်ပတ်လေ့လာကြပြီးလျှင် Dong Xuan Market သို့ ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ပြန်ရန် Noi Bai လေဆိပ် သို့သွား ရောက်ကာ ဟနွိုင်းမြို့မှ ထွက်ခွာခြင်းဖြင့် ကျွန်ုပ်တို့၏ ပျော်ရွှင်ဖွယ် ဗဟုသုတဖြစ်ဖွယ်ရာများစုံလင်လှသည့် ဗီယက်နမ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။

 

ပါဝင်သော ၀င်ဆောင်မူများ

  • လေယဉ်လက်မှတ် ၊
  • အဆင့်မြင့် ဟိုတယ် ၊
  • Tour Grade Air Con Coach အကြိုအပို့
  • ခရီးစဉ်တလျောက်ဝင်ကြေးများ
  • ဧည့်သည်များကို အကောင်းဆုံးဝင်ဆောင်မူပေးမည့် Tour leader ၊ Tour Guide

Book Now

Balloon Over Bagan

While you are in the magical land of ancient Bagan, would you like to have a memorable and unquie experience of drifting and floating over thousands ruined pagodas and mighty Ayeyarwaddy River with the back drop of azure blue sky?

Car Rental Service

car-rental-service

Tour Guide Service

tour-guide-service

Domestic Air Fare

domestic-air-fare

Myanmar eVisa

myanmar-evisa
To apply Myanmar eVisa (Official Government Website)

Myanmar Exchange Rate Information

exchange-rate

Myanmar Optional Day Tour

Bagan Sunset Cruise

bagan-sunset-cruise-01

Myanmar Golden Image Travels & Tours Co., Ltd

No. 21, Shwe Hnin Si St, Sanchaung, Yangon, Myanmar. Tel: (+951) 536470, 535944 H.P: 95-95 127398

E-mail: This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.

Website: www.myanmargoldentravel.com

mastervisa