ဆိုင်ဂုံ - ဆုချီ - ဖန်သက် - မဲခေါင် ခရီးစဉ် (၆ ရက် ၅ ည )
English Chinese (Simplified)

ခရီးစဉ် VN 942 RGN SGN 1425 1710

ပထမနေ့ - ရန်ကုန် - ဆိုင်ဂုံ

saing-gon-01Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧည့် လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင် ပေးပါမည်။ ညစာကို ဗီယက်နမ် စားသောက်ဆိုင်တွင် တည်ခင်းဧည့် ခံပြီး ဟိုတယ်တွင် အိပ်စက် အနားယူ ပါမည် ။

 

 

ဒုတိယနေ့ - ဆိုင်ဂုံ - ဆုချီ - ဖန်သက

saing-gon-02နံနက်စာ Buffet ကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် CU CHI TUNNELS ဆုချီ လှိုဏ်ဂူသို့ သွားရာက် လည်ပတ် ကြမည်ဖြစ်သည်။ ဆုချီလှိုဏ်ဂူသည် ဆိုင်ဂုံ ဧ။် အနောက်မြောက် အရပ်ရှိ ဆုချီ ပြည်နယ်တွင် အမေရိကန်နှင့် ဗီယက်နမ် စစ်ပွဲကာလက တူးဖော်ထားသော လှိုဏ်ဂူဖြစ်သည်။ အံ့သြဘွယ်ရာ မြေအောက် ကွန်ယက်လှိဏ်ဂူမှာ အရှည် 200 ကီလိုမီတာ ရှည်လျားပြီး စစ်ပွဲကာလ အတွင်း Viet Cong (VC) တို့ ဧ။် အလွန်အရေးပါ အသုံးဝင် လှသော လှိုဏ်ဂူဖြစ်သည်။ ထိုအခါက လှိုဏ်ဂူအတွင်းတွင် တပ်စခန်းရုံး ၊ ဆေးရုံ ၊ စစ်သည်တို့  နားခိုရာ နေရာ ၊ လက်နက်စက်ရုံတို့ ကို ဆက်သွယ် ထားသည်။ ယခုအခါ ခရီးသွားဧည့်  သည် အများအပြား က Viet Cong တို့ ဧ။် စစ်ကာလ နေ့ စဉ်သိုသိပ် စွာလှူပ်ရှား ၀င်ထွက်သွားလာပုံကို စိတ်ဝင်စားဖွယ်ရာ လေ့လာနိုင်မည် ဖြစ်ပါသည်။ ထို့ နောက် နေ့ လည်စာဖြင့် တည်ခင်း ဧည့် ခံပြီး Phan Thiet ဖန်သက် ကမ်းခြေ သို့ ဆက်လက် ထွက်ခွာပါမည်။ ဖန်သက် ကမ်းခြေဟိုတယ်သို့  လိုက်ပါပို့ ဆောင်ပြီး လွတ်လပ်စွာ အနားယူ နိုင်ပါပြီ ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

တတိယနေ့  ဖန်သက် ကမ်းခြေ

saing-gon-03နံနက်စာ Buffet ကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် နံနက်ပိုင်း : ဧည့်လမ်းညွှန် နှင့်အတူ Mui Ne- Phan Thiet အဆုံးအစ မရှိသော သဲဖြူကမ်းခြေ (မွေနေ - ဖန်သက် ကမ်းခြေ) ၊ ကမ္ဘာလှည့်  ခရီးသည်များကို  ဆွဲဆောင်နိုင်သော တံငါရွာ ၊ သဲကန္တာရကဲ့ သို့ သော သဲသောင်ပို့ များ ၊ ရှားပါး ပန်းပင်များနှင့် ရှားပါးတိရိစ္ဆာန် များ ၊ ကြာကန်ဘေးမှာ လှပစွာ ရှိနေသော နာနတ်ပင်များ နှင့်  အံ့သြဖွယ်ရာ ရှူခင်း အမျိုးမျိုးကို ပျော်ရွှင်ဖွယ်ရာ ကောင်းသော မွေနေ ကမ်းခြေတွင် လည်ပတ် ကြည့် ရှူကြပါမည်။ ( games and activities အတွက် မိမိဘာသာ ပေးဆောရပါမည်) ။
ထို့ နောက် နေ့ လည်စာဖြင့် တည်ခင်း ဧည့် ခံပြီး ညနေပိုင်း : ညနေပိုင်းမှာ ရေကူးခြင်း ၊ လွတ်လပ်စွာ အနားယူခြင်းတို့ ဖြင့်  ကိုယ်ပိုင်အချိန် ကို Mui Ne Beach မွေနေ ကမ်းခြေတွင် အပြည့် အ၀ ပျော်ရွှင်စွာ ခံစားနိုင်ပါသည် ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ၊ Mui Ne Beach hotel မွေနေ ကမ်းခြေ ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

စတုထ္ထနေ့  ဖန်သက် - ဆိုင်ဂုံ

saing-gon-04နံနက်စာ Buffet ကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဆိုင်ဂုံ သို့ ပြန်လည် ထွက်ခွာပါမည်။ ထို့နောက် နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံပြီး ဆိုင်ဂုံ မြို့ အနှံ လှည့်လည်ခြင်း နေ့ လည်ပိုင်းတွင် ဗီယက်နမ် တောင်ပိုင်းဒေသ၏ လွတ်လပ်ရေး ပြန်လည် ရရှိခြင်း အထိမ်းမှတ် နေရာ ဖြစ်သော ပြန်လည်ပေါင်းစည်းခြင်း သင်္ကေတ တို့ကို REUNIFICATION PALACE တွင်လေ့လာ ကြည့် ရှူကြပါမည်။ ယခင်ခေတ်က ကျန်ရှိသော တင့်ကားများကိုလဲ လေ့ လာနိုင်ရန် ဂိတ်အ၀င်ဝတွင် ထားရှိသည်ကို တွေ့ နိုင်ပါသည်။ ထို့ နောက် WAR REMNANTS MUSEUM သို့ သွားရောက် လေ့လာ ကြပါမည်။ ပြတိုက် အတွင်းတွင် ဓါတ်ပုံများနှင့် ရှင်းလင်း ပြသထားပြီး ပြတိုက် အပြင်ဘက်တွင် စစ်အတွင်းက အသုံးပြုခဲ့ သော တင့်ကားများ ၊ တိုက်လေယာဉ်များ ၊ လက်နက်များကို လေ့လာကြည့် ရှူ ရင်း စိတ်ဓါတ် တက်ကြွမှူကို ခံစားရစေ ပါသည်။ သီရန်ဟော ဘုရားTHIEN HAU PAGODA နှင့် ဘင့်သို ဈေး BINH TAY MARKET တို့ ကိုလည်း စည်ကားသော Chinatown တလျှောက်မှ သွားရောက် လည်ပတ်ကြပါမည် ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ၊ ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

ပဉ္စမနေ့  ဆိုင်ဂုံ - မေသွန် - ဆိုင်ဂုံ

saing-gon-05နံနက်စာကို ဟိုတယ်တွင် သုံးဆောင် ပြီးနောက်မေသွန်သို့ လှေဖြင့် လှည့်လည် ကြည့်ရှု့ ကြပါမည်။ မဲခေါင်မြစ်ဝှမ်းဒေသဧ။် စည်ကားလှသော စိုက်ပျိုးရေး လုပ်ငန်းများဧ။် ကြွယ်ဝမှု့ကို တွေ့နိုင်ပါမည်။ ထို့ နောက် လှပသန့် ရှင်းသော ဗင့်ထျန် ဘုရားကျောင်း VINH TRANG PAGODA နှင့် မိဘမဲ့ ကလေးများ ဆင်းရဲနွမ်းပါးသော ကလေးငယ်များကို ထိမ်းသိန်း စောင့်ရှောက် ပေးသည့် နေရာတို့ ကို သွားရောက် လည်ပတ်ပြီး နောက် မဲခေါင်မြစ် တစ်လျှောက် လှေစီးပြီး THOI SON islet သွိုင်ဆွန် ကျွန်းငယ်လေးတွင် ရပ်နားကာ ဒေသခံ တေးသီချင်းမျာကို စီးမျှောခံစားရင်း ဒေသထွက် လတ်ဆပ်သော သစ်သီးများ၊လက်ဖက်ရည် မွှေးမွှေးတို့ကို သုံးဆောင် ကြပါမည်။ ထို့ နောက် စပယ်ရှယ် ဒေသခံ နေ့ လည်စာဖြင့် တည်ခင်း ဧည့် ခံပြီး Ho Chi Minh သို့ ကားဖြင့် ပြန်လည် ထွက်ခွါ ပါမည် ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ၊ ဆိုင်ဂုံ ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

ဆဌမနေ့ 

saing-gon-06ဆိုင်ဂုံမြို့ ကို နှူတ်ဆက်ထွက်ခွာပါမည် ။

VN 943 SGN RGN 1140 1325

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့  သွားရောက် ပါမည် ။

 

ခရီးစဉ်တွင်ပါဝင်မည့်ဝန်ဆောင်မှုများမှာ

• ဟိုတယ်ခန်းများမှာ 4* ဟိုတယ်မှ twin/ double/ triple sharing အခန်းများဖြစ်သည် ။

  •  အစားအသောက်များ ခရီးစဉ်တွင် ပါဝင်ပါသည် ။
  •  ကြိုပို့ အစီအစဉ်များ ခရီးစဉ်တွင် ပါဝင်ပါသည် ။
  •  ဂြိတ်ဝင်ကြေးများ ခရီးစဉ်တွင် ပါပြီးဖြစ်ပါသည် ။
  • မဲခေါင်မြစ်ဝှမ်း လှေစီးခရီးအတွက် လှေကို စီစဉ် ပေးထားပါသည်။
  • ခရီးစဉ်တလျှောက် အတွေ့ အကြုံရှိ သော English speaking guide များမှ ခေါ်ဆောင် သွားပါမည် ။
  •  သောက်ရေသန့် စီစဉ်ပေးထားပါသည် ။

ဝန်ဆောင်မှူတွင်အောက်ပါတို့  မပါဝင်ပါ ။

  • Visa ၀င်ရန်လိုအပ်သည့်  နိုတြီပြန်ခများ
  •  လေယဉ် ခရီးစဉ်တွင် အထုပ်အပိုးအတွက် ၂၀ ကီလိုထက်ပိုသော စရိတ်များ
  • ဟိုတယ် Mini Bar အတွင်းမှ ရေသန့် နှင့် အခြားစားသောက်စရာများအတွက် စရိတ်များ
  •  မိမိ Personal အသုံးစရိတ်များ
  • ခရီးစဉ်တွင် မပါဝင်သော ထပ်မံ သွားရောက်လိုသော Optional Tours အတွက် ကုန်ကျစရိတ်များနှင့် ၀င်ကြေးများ

မှတ်ချက်

  •  ခရီးသည်သည် Passport သက်တမ်း ၆ လ အထက်ရှိမှသာ ခရီးစဉ်တွင်ပါဝင် နိုင်မည် ဖြစ်ပါသည် ။
  •  လေယာဉ်လက်မှတ်ဈေးနှူန်း အတက်အကျရှိပါသဖြင့် ခရီးစဉ်၏ စရိတ် အတိုးအလျှော့ အနည်းငယ်ရှိနိုင်ပါသည် ။
  • ရာသီဥတု အခြေအနေ ၊ လမ်းပန်းဆက်သွယ်ရေး အခြေနေပေါ်မူတည်ပြီး ခရီးစဉ် အစီအစဉ်များ လည်း အပြောင်းအလဲ အနည်း ငယ်ရှိနိုင်ပါသည် ။
  •  ခရီးသွားနေစဉ်အတွင်း ဧည့်သည်မှ မိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှု ရပ်ဆိုင်းခြင်း ၊ နှုတ်ထွက်ခြင်းများ ပြုလုပ်ပါက ကုန်ကျစရိတ်များကို ကုမ္မဏီမှ ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ ။

Book Now

Balloon Over Bagan

While you are in the magical land of ancient Bagan, would you like to have a memorable and unquie experience of drifting and floating over thousands ruined pagodas and mighty Ayeyarwaddy River with the back drop of azure blue sky?

Car Rental Service

car-rental-service

Tour Guide Service

tour-guide-service

Domestic Air Fare

domestic-air-fare

Myanmar eVisa

myanmar-evisa
To apply Myanmar eVisa (Official Government Website)

Myanmar Exchange Rate Information

exchange-rate

Myanmar Optional Day Tour

Bagan Sunset Cruise

bagan-sunset-cruise-01

Myanmar Golden Image Travels & Tours Co., Ltd

No. 21, Shwe Hnin Si St, Sanchaung, Yangon, Myanmar. Tel: (+951) 536470, 535944 H.P: 95-95 127398

E-mail: This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.

Website: www.myanmargoldentravel.com

mastervisa